09/01/12 - NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, September 1, 2012

ကိုယ်တိုင်မိုးလေ၀ါသခန့်မှန်းချက်ကိုလုပ်ကြည့်ရအောင်နော်။

အခုလူနေမှုဘ၀မှာ အရေးကြီးဆုံးတခုက မိမိပတ်ဝန်းကျင်မှာဘာတွေဖြစ်ပေါ်လာမလည်းဆိုတာပဲ့..
ရာသီဥတုခန့်မှန်းချက်ဟာသိပ်အရေးကြီးတယ်...ရာသီဥတုကိုကြိုသိနေလို့...အသက်ဘေးကသော်လည်း
ကောင်း...စီးပွားရေးဆုံးရှုံးမှုကသော်လည်း...လွှတ်မြောက်မှုတွေရနိုင်တယ်ဆိုတာကို..အခုစာဖတ်နေတဲ့
သူလည်းနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။

ဒါကြောင့်ကျွန်တော်အနေနဲ့တတ်သိထားတဲ့ရာသီဥတုခန့်မှန်းချက်လေးတွေ..ကာကွယ်နည်းလေးတွေကို
ဗဟုသုတရရှိဖို့အလို့ငှါအဆင်ပြေသလိုရေးသားတင်ဆက်ပေးသွားပါ့မယ်။

ကဲစလိုက်ရအောင်
မိမိဆီမှာမိုးရွာနိုင်လားမေးခွန်းလေးကိုပါ...................................................

http://www.accuweather.com/

ဒီဆိုက်လေးကိုကလစ်လိုပ်လိုက်ရင်တော့အောက်ကပုံလေးပေါ်လာပါလိမ့်မယ်။
ဒီဆိုက်ထဲမှာဘယ်နေရာကိုရှာမှာလည်းလို့သူကမေးပါလိမ့်မယ်။
New York,NY
နေရာလေးမှာမိမိနေရာလေးကိုရိုက်ထည့်ကြည့်ပေါ့ဗျာ။
ကဲဥပမာ ကျွန်တော်က တနင်္သာရီတိုင်းထားဝယ်၊မြန်မာပြည်မှာနေတာပေါ့နော်။
ရှာမယ်ဒီလိုလေးရိုက်ထည့်မယ်

Dawei,Myanmar ပေါ့ဟုတ်လား။
ပြီးတော့   GO  ဆိုတဲ့နဘေးကဟာလေးကိုကလစ်လုပ်လိုက်ပါ။
ကဲအောက်ကလိုပေါ်လာမယ်။
အော်.........
ထားဝယ်တော့ပေါ်လာပြီဗျ။
ဘာလည်း မိုးအုပ်နေမယ်တဲ့..
အပူချိန်က 80F လောက်ရှိနိုင်တယ်ဆိုပဲ့။သေချာလား
ဆက်လုပ်ကြည့်မယ်
80 ဒီဂရီဆိုတဲ့စကားလုံးအောက်အဖြူကွက်လေး Hourly Forecast ဆိုတဲ့အဖြူကွက်ကလေးကို
ဆက်နိပ်လိုက်မယ်...ကဲလာထား..။
 ဒီလိုဇယားကွက်ပေါ်လာတယ်ဗျာ
သေချာတယ်သူကနာရီအလိုက်အဖြစ်အပျက်တွေကိုပြနေတာ။
ယနေ့တနင်္ဂနွေနေ့..ကိုးနာရီမှာ
Forecast Cloudly မိုးအုပ်နေမယ်ဆိုပါလား....အိုကေ...
Temp(F) အပူချိန်က(80)လို့ရေးထားတယ်ဗျာ....မှန်တယ်..
Real Feel: နောက်ထပ်ဖြစ်လာနိုင်တာကိုလည်းခန့်မှန်းပြထားသေးတယ် 91 တဲ့..အိုကေ.
 Precipitation:ရွာရန်ရာခိုင်နုံးလေးဗျ....သေချာသလောက်ပဲ့...
Wind(mph):2WSW တဲ့လားဗျာ...တနာရီကို(2)မိုင်နှုံးနဲ့အနောက်အနောက်တောင်ဘက်ကိုတိုက်မယ်တဲ့
UV Index: ခရမ်းလွန်ရောင်ခြည်ပြင်းအားအဆင့်က 2 တဲ့..စိတ်ချရတယ်ဗျို့.......ဘာမှမပါပဲထွက်လို့ရတယ်
                 အရေပြားကင်ဆာမဖြစ်နိုင်ဘူး..ဟိဟိ......မိုးအုပ်နေတာကိုး.....သိပ်မှန်တယ်။
Cloud cover: မိုးအုပ်နေတာဖြစ်နိုင်ခြေကိုပြောတာဗျ...တစ်ရာရာနုံးတဲ့....မှန်လိုက်လေ ဗေဒင်မေးစရာမလို
Dew Point: ဟာ....အနိမ့်ဆုံးဖြစ်နိုင်တဲ့အပူချိန်ကလည်း 76 ဒီဂရီတဲ့ဗျ....လေတိုက်ရင်တော့ချမ်းလာမယ့်
                  သဘော..လေမတိုက်ရင်ချက်ချင်းအပူချိန်နဲနဲတက်လာမဲ့သဘောဗျ။...ရှင်းတယ်နော်..

အောက်မှာဖြစ်နိုင်မဲ့အပူချိန်ပြောင်းလည်းမှုကိုလည်း ဂရပ်လေးနဲ့ရှင်းပြထားတယ်ဗျ..
အောက်ဆုံးမှာကတော့.......
ဒါလေးကတော့
ယနေ့နေထွက်ချိန်က မနက် (05:45) နာရီ၊နေ၀င်ချိန်ကတော့ညနေ (06:08)နာရီတဲ့ဗျ။
လထွက်ချိန်ကတော့ည  (07:11)နာရီ၊လ၀င်ချိန်ကတော့နောက်နေ့မနက် (07:46)တဲ့ဗျ..

ကဲခန့်မန်းကြည့်လိုက်ကြဦးနော်။

ကွန်ပြူတာနဲ့တွဲသုံးရတဲ့မောက်လေးပါဗျာ
တမျိုးမတွေးပါနဲ့လို့ဖေ့ဘွတ်ထဲမှာရေးထားလိုပါ။

သင့်ရဲ့မျက်နှာပေါ်မှ မှဲ့တွေကပြောပြမဲ့ တခုခြင်းစီရဲ့အကြောင်းအရာများ

 

ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်

ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဥာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။


နံပါတ် ၎
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေနပ်ချက်နဲ့ အလိုမကျမှုများကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူဖြစ်လို့ အများနှင့်ဆက်ဆံရာမှာ အခက်အခဲတွေ့တတ်ပါတယ်။ အဆိုပါမှဲ့ပိုင်ရှင်မှာ အငြိုးဒေါသ ပေါက်ကွဲလွယ်သူဖြစ်လို့ အဲဒီအကျင့်လေးသာ ဖျောက်အောင် လုပ်နိုင်မယ်ဆိုရင် လူ့လောကမှာ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၅
မျက်ခုံးအပေါ်ထက်ရှိ မှဲ့ပိုင်ရှင်ဟာ ဘဝမှာချမ်းချမ်းသာသာနဲ့ နေရမယ့်ကံပါတယ်။ ဒါပေမယ့် သူများထက်တော့ ပိုရှာပြီး ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သင်ရှာသမျှငွေတွေကို သေချာထိန်းသိမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုမနာလိုသူတွေက စကားချိုချိုနဲ့ သင့်ရဲ့ဥစ္စာဓနကို ခွဲဝေယူဖို့ ကြံစည်ကြပါလိမ့်မယ်။ သင့်ရဲ့ အလျင်အမြန်ကြီးပွားချမ်းသာတဲ့စီမံကိန်းကြီးထဲကို ရင်းနှီးမြှုပ်နှံဖို့ကြိုးစားလာသူများကို အထူးသတိရှိပါ၊ သူတပါးအား အယုံမလွယ်မိဖို့ သတိပေးပါရစေ။ သင့်ရဲ့ပင်ကိုဥာဏ်ကိုသုံးပြီး သတိဝိရိယနဲ့နေပါ။ ဘယ်သောအခါမှ သင့်ရဲ့ငွေကြေးကိစ္စရပ်များကို တပါးသူအား မချုပ်ကိုင်ပါစေနဲ့။

နံပါတ် ၆
ဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ ဥာဏ်ကောင်းတယ်၊ တီထွင်ဖန်တီးဥာဏ်ရှိတယ်၊ အနုပညာစွမ်းရည်ရှိတယ်။ အဆိုပါစွမ်းရည်က သင့်ကို ချမ်းသာကျော်ကြားပြီး အောင်မြင်စေတယ်။ ချမ်းသာမဲ့ ကံပါလာပြီးသား။ ဒါပေမဲ့ သမားရိုးကျစီးပွားရှာဖို့လမ်းစဉ်ထက် ကိုယ်စိတ်နှလုံးသွင်းပြီး ရဲရင့်သတ္တိရှိမှ အောင်မြင်မှုကို အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

နံပါတ် ၇
မျက်ခုံးအောက်မှာရှိတဲ့ မှဲ့ပိုင်ရှင်ဟာ ပူဆွေးသောက စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ ဆွေမျိုး၊ မိသားစုအသိုင်းအဝိုင်းကြားမှာ ကတောက်ကဆ စကားများတတ်တယ်။ အဲဒါက သင့်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ အဆင်ပြေအောင် ညှိယူပါ။

နံပါတ် ၈
ဒီနေရာမှာမှဲ့ရှိရင်တော့ မကောင်းပါဘူး။ အသုံးအဖြုန်းများတတ်တဲ့အတွက်ကြောင့် အမြဲအလိုလို ငွေကြပ်နေတတ်တယ်။ လောင်းကစားကို ခုံမင်သူလည်း ဖြစ်တယ်။ ဘယ်အချိန်မှာ ရပ်တန်းက ရပ်ရမလဲဆိုတာ မိမိကိုယ်ကိုသိပါ။ အလားတူ အဲဒီမှာမှဲ့ရှိတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာမက လိင်တူကိုပါ ဆွဲဆောင်ကလူတတ်ပါတယ်။ သင့်ရဲ့ဆွဲဆောင်မှုကို အသုံးချရာမှာ အနည်းငယ် မြော်မြင်ဆင်ခြင်နိုင်မှ တော်ခါကြပါမယ်။ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်တယ်။

နံပါတ် ၉
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ လိင်ပိုင်းဆိုင်ရာနဲ့ အခြားပြဿနာများ ရှိနိုင်ပါတယ်။ ကံမကောင်းတဲ့မှဲ့ဖြစ်လို့ ဖြတ်ပစ်ဖို့ အကြံပြုပါရစေ။ ပူဆွေးသောကများစွာနဲ့ ပြဿနာပေါင်းများစွာကို ယူဆောင်လာမဲ့ မှဲ့မျိုးပါ။

နံပါတ် ၁၀
နှာခေါင်းအောက်တည့်တည့်မှာမှဲ့ပါရင် သားမြေးစဉ်ဆက်ထိ ကံကောင်းတယ်။ အချိန်ပြည့် မိသားစုဝင်များနဲ့ သားသမီးများ၊ မြေးများနဲ့ သိုက်သိုက်ဝန်းဝန်းနေရမယ်။ သင်နဲ့အနီးဆုံးလူရဲ့ အထောက်အပံ့ကို ရရှိနိုင်မှာဖြစ်ပြီး သင့်အား ဥစ္စာပစ္စည်းရော၊ စိတ်ခံစားမှုရော အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

နံပါတ် ၁၁
ဒီနေရာမှဲ့ရှိတဲ့သူဟာ နာဖျားခြင်းကို မလွန်ဆန်နိုင်ပါ။ အထူးသဖြင့် အဲဒီမှဲ့ကြီးပြီး မည်းလာရင် ဖျက်ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းများများသုံးပြီး ဖုံးထားပါ။

နံပါတ် ၁၂
ဒီနေရာမှဲ့ရှိတဲ့သူဟာ အောင်မြင်ရုံသာမက တည်ငြိမ်မျှတတဲ့ဘဝကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ သိပ်မချမ်းသာရင်တောင်မှ ကျော်ကြားမယ်။ သင့်ကို မြင့်မားတဲ့ဘဝမှာ နေထိုင်ပိုင်ဆိုင်ဖို့ အခွင့်အရေးပေးသော်လည်းပဲ သင်ဟာ သင့်အိမ်နဲ့မိသားစုဘဝမှာပဲ ကျေနပ်တင်းတိမ်နေမယ်။ အဲဒီနေရာမှာမှဲ့ရှိတဲ့ အမျိုးသမီးများဟာ အထူးသဖြင့် ကံကောင်းမယ်၊ လှပမက်မောစွဲမက်ဖွယ်ကောင်းပါလိမ့်မယ်။

နံပါတ် ၁၃
သင့်ကလေးတွေက သင့်ဘဝမှာ ကြီးမားတဲ့ပူပန်သောက စိုးရိမ်မှု တခုပါပဲ။ သူတို့လေးတွေနဲ့ ဆက်ဆံရတာ အဆင်မပြေနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သည်းခံနိုင်အောင် ကျင့်ကြံဖို့ ကြိုးစားရုံမှတပါး ဘာမှမတတ်နိုင်ပါ။

နံပါတ် ၁၄
ဒီနေရာမှာမှဲ့ရှိတဲ့သူဟာ အစားအသောက်နဲ့ ပတ်သက်ပြီး သင့်ဘဝမှာ ကြီးမားတဲ့ပြဿနာတခုပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ တချို့အစားအစာနဲ့ ဓါတ်မတည့်မှု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် အစားကြီးလွန်းရင်တောင် ဖြစ်တတ်ပါတယ်။

နံပါတ် ၁၅
သင်ဟာ သွက်လက်တက်ကြွတယ်၊ သင့်အိမ်ကို အမြဲလိုလို ပြုပြင်မွမ်းမံပြီး အလှဆင်ရတာကို နှစ်သက်သူဖြစ်တယ်။ ပစ္စည်းသစ်ကို သုံးရတာ၊ နေရာအသစ်အဆန်းကို သွားရတာ သဘောကျတယ်။ တနေရာထဲမှာ ကြာကြာနေရတာကို မနှစ်မြို့ပေ။ ခရီးသွားခြင်း၊ စွန့်စားခြင်းကို နှစ်သက်ပြီး ဂရုတစိုက်စူးစမ်းသိမြင်သော အမြင်ရှိပါတယ်။


နံပါတ် ၁၆
သင်အစားစားတော့မယ်၊ လိင်ဆက်ဆံတော့မယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ၂ခုဟာ သင့်ရဲ့ကြီးမားတဲ့ပြဿနာဖြစ်ပေတယ်။ သင့်ကိုစိတ်ဓါတ်ကျစေမဲ့ ပူပန်သောကတွေ ရှိလာတတ်ပါတယ်။ သင်ဟာ ချစ်ရေးချစ်ရာမှာ စိတ်ပါဝင်စားပြီး ချစ်သူကို တယောက်မက ထားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူဖြစ်တဲ့အတွက်ကြောင့် ဒါကို အပြစ်ကျူးလွန်မိတယ်လို့ ယူဆကာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

နံပါတ် ၁၇
သင်ဟာ လူမှုရေးရာမှာ ထင်ပေါ်ကျော်ကြားမယ်။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသလို စကားပြောကောင်းသူတယောက်လဲ ဖြစ်တယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်သတင်းကျော်စောမှုကို ဆုံးရှုံးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုဟာ သင့်ကို အလွန်အမင်းထိခိုက်စေလိမ့်မယ်။

နံပါတ် ၁၈
သင်ဟာ အမြဲတမ်းခရီးထွက်နေရမဲ့သူ ဖြစ်တယ်။ သင့်ဘဝမှာ နိုင်ငံရပ်ခြားခရီးဝေး အများကြီးသွားရမယ်။ ဒါပေမဲ့ ရေလမ်းခရီးသွားရမဲ့အခါတိုင်း အထူးသတိရှိပါ။ ဘာလို့လဲဆိုတော့ အဆိုပါ မှဲ့မျိုးဟာ အိမ်မှာနေရတာက သင့်အတွက် ပိုပြီးကောင်းပါလိမ့်မယ်။

နံပါတ် ၁၉
သင့်မှာ ငွေရမဲ့ကံရှိပြီး မိတ်ဆွေကောင်းလည်း ပေါများပါတယ်။ ဒါကြောင့် ဒီမှဲ့မျိုးရှိတာ ကောင်းပါတယ်။ အားနည်းချက်က ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်မှုနောက်သို့ အလွယ်တကူပါသွားတတ်ကြတယ်။ သင့်ဘဝမှာ အဲဒါက သင့်ကို ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။

နံပါတ် ၂၀
ဒီနေရာရှိ မှဲ့ပိုင်ရှင်ဟာ ကံအရမ်းကောင်းချင်ကောင်းမယ်။ ကံအရမ်းဆိုးရင်ဆိုးမယ်။ ကံတရားက သင့်ကို အလွန်အမင်းကျော်ကြားမယ် ဒါမှမဟုတ်ရင် မကောင်းသတင်းဖြင့် ကျော်ကြားမယ်လို့ ကြိုတင်စီရင်ထားပြီး ဖြစ်တယ်။ သင့်မှာ တီထွင်ဖန်တီးတတ်တဲ့ ပါရမီရှိသလို ဥာဏ်ရည်ထက်မြက်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ပင်ကိုအရည်အသွေးကို ကောင်းတဲ့နေရာရော ဆိုးတဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သင်ဟာ လူတွေကို မထီမဲ့မြင်၊ မလေးမစားဆက်ဆံတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သင်ဟာ သဘောလွယ်သူမဟုတ်တဲ့အတွက် အလွယ်တကူ ခွင့်မလွှတ်တတ်သလို မေ့လဲမမေ့တတ်ပါ။ ဒီမှဲ့ဟာ ထူးချွန်ပြောင်မြောက်သူ (သို့မဟုတ်) နိုင်လိုမင်းထက်ပြုမူသူအဖြစ် မှတ်ယူရမဲ့ အမှတ်အသားတခုပါပဲ။

နံပါတ် ၂၁
ဒီမှဲ့မျိုးက ကောင်းပါတယ်။ ဘဝတလျှောက် များများစားရ ၊သောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျော်ကြားမှုနဲ့ အသိအမှတ်ပြုခံရမှုများကို ယူဆောင်လာမဲ့ မှဲ့မျိုးဖြစ်ပါတယ်။

နံပါတ် ၂၂
သင့်ဘဝဟာ အမြဲ ပျော်ရွှင်နေပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါတယ်။ သင်ဟာ အားကစားကို ဝါသနာထုံသူဖြစ်ပါက စူပါစတားအားကစားသမားကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ မျက်ခုံးမွေးအဆုံးမှာရှိတဲ့ မှဲ့ပိုင်ရှင်များဟာ သြဇာတိက္ကမရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတယောက်ဆိုပါက ကောင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၂၃
သင့်မှာ ဥာဏ်ရည် (IQ) အရမ်းပဲမြင့်မားပါတယ်။ ဥာဏ်ရည်ပါးနပ်သလို မြို့ရည်လည်ပြီး လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူ့ဘဝမှာ ဘယ်လို ရှင်သန်ရပ်တည်ရမလဲဆိုတဲ့ ရင့်ကျက်တဲ့ ပင်ကိုဥာဏ်ရှိတဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိရှိ၊ သက်တမ်းရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အိုမင်းလာသည့်တိုင်အောင် တက်ကြွဖျတ်လတ်နေတုန်းပါပဲ။ ဘဝဆုံးတဲ့အထိ မိတ်ဆွေများ၊ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားရမှာပါ။

နံပါတ် ၂၄
သင်ဟာ ငယ်ရွယ်စဉ်မှာ ကျော်ကြားမှုနဲ့ အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ ဒါကြောင့် အိုမင်းတဲ့အခါ အထောက်အပံ့ပြုဖို့ ငယ်စဉ်ခါ ရလာမဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ အဆိုပါမှဲ့ပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းတတ်ပါတယ်။

နံပါတ် ၂၅
သင်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးပွားချမ်းသာခြင်းနဲ့ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခွင့်အလမ်းများစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ကဲမှုကို အထူးသတိပြုပါ။
သမရိုးကျအတိုင်း ပြုမူနေထိုင်ပါ။ အသက်ရှည်ပြီး အကျိုးစီးပွားဖြစ်ထွန်းမဲ့ဘဝမျိုးကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

 တကယ်မှန်ကန်တာတွေ့ရတဲ့တရုပ်ရိုးရာဟောနည်းလေးပါ။

 

 

 

ယနေ့ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်လေဖိအားနည်းရပ်ဝန်းမရှိပါ။

ယနေ့တကမာလုံးတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းနှင့်လေမုန်တိုင်းကြီးများ။
 

ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း 

 



သြစတြေးလျနိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံထုတ်ကားများတွင် အဆုတ်ကင်ဆာဖြစ်စေသော 

အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော Asbestor




Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြုထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံထားကြောင်း စက်မှုဝန်ကြီး ဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့်မောင်က ပြောကြားသည်။

ကားကူရှင်အမိုးနှင့်ဘေးကာများတွင်ထည့်ထားသော

Asbestos Fibers



အဆုတ်ကင်ဆာ ရောဂါ ဖြစ်စေနိုင် သော Asbestos ဖိုင်ဘာဓာတ်များကို မော်ဒယ် အမြင့် ချယ်ရီကားများ တွင်သာ ပါပြီး မြန်မာနိုင်ငံသို့ သွင်းထားသော ချယ်ရီကားများမှာ မော်ဒယ် အနိမ့်ကား များသာဖြစ်သဖြင့် အဆုတ် ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများ မပါဝင်နိုင်ကြောင်း ၎င်းင်းက The Voice Weekly သို့ပြောကြားသည်။



“မြန်မာနိုင်ငံကို သွင်းထားတဲ့ ချယ်ရီကားတွေမှာ အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း သုံးထားလား၊ မသုံးထားလား ဆိုတာ သိရဖို့အတွက် တရုတ်က ကားထုတ်တဲ့ ကုမ္ပဏီကို ဓာတ်ခွဲ စမ်းသပ် ခိုင်းထားတယ်။ အဖြေ ရရင် တရားဝင် ထုတ်ပြန်သွားမယ်”ဟု ဦးသွင်မြင့်မောင်က ပြောကြားသည်။


ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းမှ စတင်၍ မြန်မာနိုင်ငံတွင် ချယ်ရီကားများ အစီးရေ ၂၀၀၀ ကျော် သွင်းထားပြီ ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနထံမှ သိရှိ ရသည်။


ချယ်ရီ (Chery) ကားအပါအဝင် တရုတ်နိုင်ငံထုတ် ကားများတွင် အဆုတ် ကင်ဆာဖြစ်စေသော Asbestos ဖိုင်ဘာ ဓာတ်ပစ္စည်းများ အသုံးပြုထားသည်ကို တွေ့ရှိရခြင်းကြောင့် သြစတြေးလျ နိုင်ငံတွင် ကားစီးရေ ၂၃ç၀၀၀ ကိုပြန် လည် သိမ်းယူလျက် ရှိကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။


KIA အဖွဲ့မိုင်းထောင်ရာမှ..ကိုယ်မိုင်နဲ့ကိုယ်ပေါက်ကွဲသေဆုံး။

သြဂုတ် (၃၁)

ပြီးခဲ့တဲ့ သြဂုတ်လ(၃၀)ရက်နေ့က KIA တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၅)မှ KIA တပ်ဖွဲ့ဝင် များသည် မိုးညှင်းမြို့အရှေ့ဘက် လခြမ်းတောင်ရွာအနီးတွင် မိုင်းထောင်ခြင်းများ ပြုလုပ်ရာမှ အခန့်မသင့်၍ မတော် တဆ မိုင်းပေါက်ကွဲကာ KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မြန်မာအစိုးရစစ်တပ်တွေ မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေကြောင်းနဲ့ ရွာတွေမှာ KIA အမာခံ အဖွဲ့ဝင်များရှိ/မရှိ ၀င်ရောက်စစ်ဆေးနေမှုအား သတင်းရရှိ၍ လာရောက်မိုင်းထောင်တာဖြစ်တယ် လို့ လခြမ်း တောင်ရွာခံတစ်ဦးထံမှ သိရှိရပါတယ်။
KIA တပ်ဖွဲ့တွေအနေနဲ့ နည်းလမ်းမျိုးစုံအသုံးပြုကာ လူသစ်စုဆောင်းလျက်ရှိပြီး စုဆောင်း ရရှိတဲ့ ဒေသ ခံတွေ ကို အခြေခံစစ်သင်တန်းနှင့် မိုင်းသင်တန်းတွေ သင်ကြားပေးတယ်ဆိုပေမဲ့ တကယ့်လက်တွေ့ မှာတော့ သေနတ်ပစ်တတ်ရုံနဲ့ မိုင်းတွေ့ဘူးရုံလောက်သာ သင်ကြားပေးခဲ့တာကြောင့် ယခုလို ဖြစ်စဉ် များနှင့် ကြုံတွေ့ နေရတာဘဲ ဖြစ်ပါတယ်။
 
 

အလားတူ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ် ထိုးပူနှင့် ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ အကြားရှိ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲစဉ် KIA တပ်ဖွဲ့ဝင်နှစ်ဦး မိုင်းပေါက်ကွဲကာ သေဆုံးခဲ့ရပါတယ်။ KIA အဖွဲ့မှ မြန်မာအစိုးရ စစ်တပ် ဘက်မှ ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှား များထုတ်လွှင့်ကာ ပြောဆိုခဲ့သော်လည်း ရထားလမ်းဘေး တွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သား နှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ် များဖြစ်ကြောင်း ဒေသခံကချင်လူမျိုးများ မြင်တွေ့နိုင်စေရန် ထာဝရဘုရား သခင်မှ ဒဏ်ခတ် ခဲ့ခြင်းဖြစ်ပါသည်။
http://kachindailynews.blogspot.com/2012/08/kia_7556.html
မြန်မာနိုင်ငံမိုးလေ၀ါသမြေပုံ။

ယနေ့မွန်းလွဲပိုင်းဂြိုလ်တုမှပေးပို့သောပုံအရ။
မြန်မာနိုင်ငံအောက်ပိုင်းဒေသတခုလုံးတွင်တိမ်ထူထပ်နေသည်ကိုတွေ့ရမည်ဖြစ်ပါသည်။
 ပုံတွင်အထက်လေစီးကြောင်းတခုအနီယနိုင်ငံမှစပြီးတော့မြန်မာနိုင်ငံကိုဖြတ်ခါဖိလင်ပိုင်ပင်လယ်ပြင်ထဲ
အထိစီးကြောင်းကြီးတခုဖြစ်ပေါ်နေတာကိုတွေ့ရမှာပါ။ ဒါကြောင့်တခါတရံမြန်မာနိုင်ငံမှာအနောက်ဘက်မှ
အရှေ့ဘက်သို့လေပြင်းများတိုက်ခိုက်နိုင်ပါကြောင်း

ဘဂ်လားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်တို့တွင်မိုးသုံအားအလွန်ကောင်းနေပါသည်
နောက်နှစ်ရက်အဖို့မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်မိုးပိုမိုရွာသွန်းနေဦးမည်ဖြစ်ပါသည်။
မြေငလျှင်သတင်း။

ယနေ့စက်တင်ဘာလ(1)ရက်ဒေသစံတော်ချိန်(10:54:00)နာရီအချိန်ခန့်က Location: 19° 57' 36" N
 97° 59' 24" E နေရာကိုဗဟိုပြုလျှက်အင်အားရစ်ချစ်စကေး(3.6)ပြင်းအားရှိငလျှင်အသေးလေးတခုလှုပ်
သွားကြောင်းသိရှိရပါတသည်။

ဦးသိန်းစိန် ထောင်ဒဏ်ခံရသူများကို လွတ်ပေးပြီး ရခိုင်များအား ဆက်လက်ထိမ်းသိမ်းထား 

 

 ဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း
ဇွန်လ (၈) ရက်နေ့က စတင်သည့်
ဘင်္ဂလီများ၏ အကြမ်းဖက် သောင်း
ကျန်းမှုကာလတွင် တိုက်ရိုက်ဆက်နွယ်
နေမှုဖြင့် ၂၄ ရက်နေ့က ထောင်ဒဏ်အပြစ်

ပေးထားသည့် ဘင်္ဂလီများကို ယမန်နေ့က လွှတ်ပေးခဲ့ပြီး ဒေသခံ ရခိုင်အမျိုးသားများကို
မျက်ကွက်ပြု ခွဲခြားဆက်ဆံ ခံနေရကြောင်း မောင်တောမြို့မှ ကျောင်းဆရာတစ်ဦးက
ပြောသည်။

" အကြမ်းဖက်မှု တစ်ခုလုံးကို ကြိုးကိုင်ခဲ့တဲ့ ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်ကို ထောင်ဒဏ် (၃)နှစ်၊ ခင်မောင်ဆွေ (ခ) တာရတ်ကို (၂)နှစ်နဲ့ ချိုလေးမာခါတုန်ကို ထောင်ဒဏ်(၆)နှစ် သောကြာ (၂၄)

ရက်နေ့က မောင်တောတရားရုံးက ချမှတ်ခဲ့ပါတယ်၊

အဲသူတွေကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ဆိုပြီး မနေ့မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်တဲ့ဆိုပြီး လွတ်ပေးလိုက်ပါတယ်၊ ဘယ်ပုံစံဥပဒေလဲမသိဘူး၊ သူတို့က UNHCRကနှစ်ယောက်နဲ့ INGOက တယောက်ပါ။ " ဟု အမည်မဖေါ်လိုသူ ကျောင်းဆရာက ဝေဖန်ပြောဆိုလိုက်သည်။


ဆက်လက်ပြီး သူက " သောင်းကျန်းသူတွေက ကုလားတွေ၊ ဒါနဲ့ဆက်စပ်ပြီး ဘာမှအပြစ်မလုပ်တဲ့ ရခိုင်အမျိုးသားတွေကို နေရာအနှံမှာ အများကြီး ဖမ်းထားတာတွေရှိတယ်။ ထောင်ဒဏ်သာပေးနေတယ်။ ပြန်လွတ်သူဘယ်သူ့ကိုမှ မတွေ့သေးဘူး။ ရခိုင်ပြည်နဲ့ လူထုတွေ ကျိန်စာသင့်နေသလို ဖြစ်နေတယ်။


သမ္မတလွတ်ငြိမ်းချမ်းသာခွင့်လည်းမရှိ၊ တရားဥပဒေမှာဘက်လိုက်မှုရှိနေတယ်။ UNHCR လည်း ခုလိုဘက်လိုက်ခဲ့လို့ ဒီပြဿနာတွေ ပေါ်ခဲ့ပြီးပြီ၊ ကျွန်တော်တို့ ရခိုင်တွေ မြန်မာပြည်သားဖြစ်တယ်။



ရခိုင်ပြည်မှာနေပြီး အမြဲတမ်း ဘက်လိုက်မှုတွေချဉ်း ခံနေရတာ စိတ်နာဖို့ကောင်းပါတယ်။ နိုင်ငံခြားသားက အပြစ်ရှိတာတောင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ရတယ်တဲ့လားဗျာ။ နိုင်ငံတကာက အရေးအခင်းအတွင်းမှာ ရခိုင်က ကုလားကိုသတ်ဖြတ်နေတယ်လို့ အကြမ်းဖက်သမားတွေ ပြောဆိုခဲ့တာကို အမှန်အတိုင်းဖြစ်သွားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ " ဟု ဆိုသည်။


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းမှုကို ဖန်တီးခဲ့၍ ထောင်ဒဏ်အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသော အဏ္ဏဝါ ဆာဒတ်အား ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃ (က)နှင့် ၅၀၅ (ဂ) ပြစ်မှုနှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းဥပဒေပုဒ်မ ၂၄ (၁) အရ တစ်နှစ်၊ ပြစ်မှုကျူးလွန်ခဲ့သူ တာရက် ကို ဥပဒေပုဒ်မ ၁၅၃ (က)နှင့် ပြစ်မှု ပုဒ်မ ၅၀၅ (ဂ) ပြစ်မှုတစ်ခုကို (၂)နှစ် ထောင်ဒဏ်ဖြစ်သော်လည်း တပေါင်းတည်း ကျခံစေဆုံးဖြတ်မှုကြောင့် ထောင်ဒဏ် (၂)နှစ်၊ ဒေါ်ချိုလေးမာခါတုန် ကို ဥပဒေပုဒ်မ ၁၅၃ (က) အရ (၂)နှစ်နှင့် ဥပဒေပုဒ်မ ၄၃၆/၁၀၉နှင့် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ ထောင်ဒဏ် (၁)နှစ် ထောင်ဒဏ်ပြစ်မှုများကို တပေါင်းတည်း ကျခံစေဟု စီရင်ချက်ကြောင့် (၆)နှစ်ချမှတ်ကြောင်း သိရှိရသည်။


ယင်းပဋိပက္ခ ကာလအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း ၁၀ ယောက် ဆက်နွယ်မှုများ ရှိခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးထားခဲ့ရာမှ ၃ ဦးကိုထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ကျန်ဝန်ထမ်း ၇ ဦးကို အစောင်ပိုင်းက အဖြတ်လိုက် လွှတ်ပေးခဲ့ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ထပ်မံလွတ်ပေးလိုက်ခြင်းဖြစ်သည်။


ထောင်ဒဏ်စီရင် ချမှတ်ခံခဲ့ရသူ (၃) ဦးမှာ ယင်းပဋိပက္ခအတွင်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက် ကြိုးကိုင်မှုများ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ယင်းအရေးအခင်းနှင့် ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သော ဦးလှသိန်းက VOA သို့ ဖြေကြားချက်အရ သိရသည်။


ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသော UNHCR ၀န်ထမ်းများအား စွဲချက်များမှာ ဥပဒေ ပုဒ်မ ၁၅၃(က)အရ လူမျိုးစုတစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ရန်တိုက်ပေးခြင်း၊ ဥပဒေ ပုဒ်မ ၅၀၅(ဂ)အရ အများပြည်သူများ အကျိုးစီးပွားပျက်ပြားစေမှုကို ဖြစ်စေသောပြစ်မှု၊ ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်ပေးမှုများ အပါအ၀င် ဥပဒေ ပုဒ်မ ၄၃၆/၁၀၉ အရ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့်ဖြစ်စေ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုမှုနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်မြောက်အောင် လုပ်ဆောင်မှုများဖြင့် စွဲချက်ခဲ့ကြောင်း သူကရှင်းပြခဲ့သည်။


မြန်မာအစိုးရက ထောင်ဒဏ်ချမှတ်လိုက်သော UNHCR ၀န်ထမ်း ၃ ဦးမှာ ရခိုင်ပြည်နယ်နေ မူဆလင်ဘာသာဝင်များဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများဖြစ်ကြောင်း ပြောသည်။


သက်ဆိုင်ရာက ထောင်ဒဏ်ချမှတ် ခံခဲ့ရသူများအပေါ် အသေးစိပ်စီစစ်ကာ စစ်ဆေးမေးမြန်းမှုများ အတန်ကြာပြုလုပ်ပြီး စီရင်ချ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ဦးသိန်းစိန်က အလွယ်တကူ လွတ်ပေးခြင်းအပေါ် အရေးအခင်းတွင် ကျဆုံးသွားခဲ့သူများ၏ မိသားစုဝင်များ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နှင့် တခြားမြို့များမှ ရခိုင်လူထုများ မကြေနပ်မှုများ ဖြစ်ကြကြောင်း ကျောင်းဆရာက သုံးသပ် ရှင်းပြသည်။


ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့်အပြင် ဦးသိန်းစိန် လွတ်ပေးလိုက်သည့် ၀န်ထမ်းများနှင့် တိုက်ရိုက် ဆက်နွယ်မှုရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းမှ မူဆလင်ဘာသာရေး အစွန်းရောက် ခေါင်းဆောင် (၁၀)ဦးအား အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။


ယင်း ကော့စ်ဘဇားခရိုင်အတွင်းမှ ၁၀ ဦးမှာ ပန်းဝါမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ရှိ အီစ္စလာမ်မိတ်ဆေးရုံအုပ်၊ အီစ္စလာမ်မိတ်ဘဏ်အုပ်၊ နီလာမြို့ဗလီအုပ်နှင့် အီစ္စလာမ်မိတ်အဖွဲ့အစည်းနှစ်ခုမှ ခေါင်းဆောင်ကြီးများဖြစ်ကြသည်။


ကုလသမဂ္ဂ အနေဖြင့် ဦးသိန်းစိန် အမိန့်အာဏာဖြင့် လွတ်ပေးခဲ့သော ကုလ၀န်ထမ်းများအတွက် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ယမန်နေ့က ပြောဆိုလိုက်သည်။


လွတ်မြောက်သော ဦးခင်ရွှေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP၏ ၀န်ထမ်းတဦးဖြစ်ကြောင်း၊ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသော ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ ၀န်ထမ်းဖြစ်ကြောင်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံရသူ ဒေါ်ချိုလေးမာခါတုန်မှာ CSSEP အမည်ရှိ ရပ်ရွာလူထုဖွံ့ဖြိုးရေး စီမံချက်က ၀န်ထမ်းများ ဖြစ်ကြသည်။


ကျောင်းဆရာက " မနေ့က မောင်တောလူထုတွေ အရမ်းစိုးရိမ်ခဲ့ကြပါတယ်၊ ကြောက်စိတ်တွေလွမ်းပြီး ရုတ်ရုတ်သဲသဲတောင် ဖြစ်ခဲ့တဲ့ မိသားစုတွေ ရှိခဲ့တယ်။ လွတ်သွားတဲ့သူတွေက လူကြီးတွေဆိုတော့ အကြမ်းဖက်မှုတွေကို ထပ်ကာဖန်တီးပြုလုပ်နိုင်တယ်လို့ ယူဆကြ တယ်။

 ပြီးတော့ ဒီလိုလုပ်တာက ကုလားတွေကို အရေးအခင်းဖြစ်ခဲ့တာ အမှန်ဘက်သို့ရောက်စေပြီး ဒေသခံတွေကို အမှားသို့ တွန်းပို့ရာ သက်ရောက်သွားပါတယ်၊ အရင်ကတည်းက ဒီမှာအခြေချနေချင်တဲ့သူမရှိဖြစ်နေချိန်မှာ ပို့ဆိုးသွားတဲ့ အခြေအနေရှိပါတယ်။ " ဟု ဆက်လက် ရှင်းသည်။

အရေးအခင်းကာလ ပထမဆုံး ဓါတ်၊ ဗီဒီယိုနှင့် သတင်းအမှားများ နိုင်ငံတကာသို့ ပေးပို့မှုနှင့် အကြမ်းဖက်ကို အဓိကဆောင်ရွက်ခဲ့သော ဒေါက်တာ ထွန်းအောင်(နရုဟောက်)အား လွတ်ပေးမည့်သတင်းများ မောင်တောတွင် ဖြစ်ပေါ်နေကြောင်း သိရှိရသည်။


ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် ပဋိပက္ခတွင် နေအိမ်စုစုပေါင်း (၂၈၂၅)အိမ်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ (၃၈)ဦး၊ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်း၊ ဗလီကျောင်း (၇) ခု၊ ဒုက္ခသည်စခန်း (၃၇) နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း (၉၀၀၀၀) ခန့်ရှိခဲ့ကြောင်း သိရှိရသည်။


Arakan Times

လွှတ်တော်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ အချိန်မကုန်သင့်ဟု အင်အားကြီးပါတီများ သုံးသပ်

 

 အင်အားကြီးပါတီများ သုံးသပ်  မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရာတွင် သဘောထားကွဲလွဲခြင်း ၊မတိုက်ဆိုင်ခြင်းများ ဖြစ်ပေါ်တတ်သော်လည်း လွှတ်တော်အတွင်းတွင် ဖြစ်ပေါ်နေသော ခုံရုံးကိစ္စနှင့်ပတ်သက်ပြီး ရေရှည်ဆက်လက် အငြင်းပွားခြင်း   မဖြစ်ပေါ်သင့်ကြောင်း   နိုင်ငံရေးပါတီအချို့က သုံးသပ်သည်။

''ဒီမိုကရေစီစနစ်မှာတော့ မတိုက်ဆိုင်တာတွေ သဘောထားကွဲလွဲတာတွေ မညီညွတ်တာတွေတော့ ရှိတတ်ပါတယ်။ လွှတ်တော် အတွင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေရှည်ကြာရှည် မဖြစ်သင့်ဘူးပေါ့ ဒါကိုအကြောင်းပြုပြီးဖြစ်နေရင် ပြည်သူလူထုအတွက် လုပ်နေတာမဟုတ်ဘူး အချင်းချင်းဖြေရှင်း နေရတာနဲ့ပဲ အချိန်တွေပေးနေတယ်လို့ ပြည်သူတွေထင်တာလဲ ထင်စရာပါပဲ ''ဟု ဒီချုပ်ပါတီမှနာယက ဦးတင်ဦးက သုံးသပ်ပြောဆိုသည်။

လွှတ်တော်အတွင်းတွင် ဖွဲ့စည်းခဲ့သော ကော်မတီများကို ပြည်ထောင်စုအဆင့်အဖြစ်မသတ်မှတ်ကြောင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ သတ်မှတ်ခြင်းကို မှားသည်ဟု ဝန်ခံခိုင်းခြင်း ၊ နှုတ်ထွက်ခိုင်းခြင်းသည်   ကောင်းမွန်သော အခြေအနေတစ်ရပ်မဟုတ်သောကြောင့်ငြိမ်းချမ်းစွာဖြေရှင်းသင့်ကြောင်း ဦးတင်ဦးက အကြံပြုပြောဆိုသည်။

'' လွှတ်တော်ရယ်လို့ဖြစ်လာတာ တစ်နှစ်ပဲရှိသေးတယ်နော် တစ်နှစ်အတောအတွင်းမှာဒီလောက်ဖြစ်တယ်ဆိုတော့ သိပ်ပြီးတော့   မြင်ရပြုရတာတော့   စိတ်မကောင်းစရာ ပေါ့နော်။ တစ်ချို့ကတော့ နှုတ်ထွက်ရမယ်ပြုရမယ်ဆိုတာတော့ မကောင်းပါဘူး ဘာလို့လဲဆိုတော့ ဒီမိုကရေစီရဲ့စနစ်မှာကတော့ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်ဆိုနိုင်တယ် ဆိုတဲ့ဟာကတော့ အခွင့်အရေးတွေ ရှိကြတာပဲလေ ငြိမ်းချမ်းစွာဖြေရှင်းသင့်တယ်'' ဟု ဦးတင်ဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစပြုချိန်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင် မှားသည် ၊ မှန်သည်ဟု ဆုံးဖြတ်နေခြင်းသည် နိုင်ငံရေးသမား မဖြစ်နိုင်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ဥက္ကဌက သုံးသပ်ပြောဆိုသည်။

'' နုနယ်တဲ့ လွှတ်တော်လေးတစ်ခု နုနယ်တဲ့ ဒီမိုကရေစီကို အစကူးတဲ့အခါမှာ ဘာမဟုတ် တာနဲ့တောင်မှ ဒီလိုဖြစ်နေကြရင် အဲ့ဒီလောက်တောင်မှ အပေးအယူလေးတွေ အလျော့ အတင်းလေးတွေ မလုပ်နိုင်ကြဘဲ ငါမှမှန်တယ်၊ ငါပြောတာမှဆိုတာ   နိုင်ငံရေးသမား ဆိုတာ ငါပြောတာမှမှန်တယ်။ ငါယူဆတာမှမှန်တယ်။ အဲ့ဒီလို တရားသေစွဲကိုင်ရင်နိုင်ငံရေးသမားမဟုတ်ဘူး။ '' ဟုတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတို့ အငြင်းပွားမည့်အစား ပြည်သူအတွက် အကျိုးရှိသော ကိစ္စတစ်ရပ်ကို ဆွေးနွေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။

'' ခုံရုံးကိစ္စကို အဓိကထားပြီး ဦးစားပေးမလုပ်သင့်ဘဲနဲ့ အန်ကယ်တို့လိုချင်တဲ့  Peace ဖြစ်ဖို့လုပ်ရမယ် အထွဋ်အထိပ်ဖြစ်တဲ့ လွှတ်တော်မှာတောင် မအေးချမ်းဘူးဆိုရင် သဘော ပြောပြတာပါ။ ဒီလောက်ထိမလုပ်သင့်ဘဲ   ရေကြီးတဲ့ကိစ္စတွေ   ပြည်သူနစ်နာနေတာတွေလယ်သမားတွေဆုံးရှုံးမှုတွေ အလုပ်သမားတွေ ဆုံးရှုံးမှုတွေ အဲ့ဒီမှာ ပြတ်ပြတ်သားသား   ပြောသင့်တာတွေ ထောက်သင့်တာတွေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးဖို့အတွက် မဟုတ်ဘဲ အဲ့ဒါမျိုးလေးတွေ အကျိုးရှိမယ့်ဟာတွေကို နိုင်ငံတော်အတွက် အကျိုးရှိအောင် ကမ္ဘာက လက်ခံလာအောင် အရှေ့တောင်အာရှမှာ ရင်ဘောင်တန်းနိုင်အောင် လိုအပ်တဲ့ အတတ်ပညာတွေ အသိပညာတွေ လိုအပ်တဲ့ အဆုံးအဖြတ်တွေ အဲ့ဒါတွေနဲ့ ကမ္ဘာကိုရင်ဘောင်တန်းပြီးထွက်နိုင်အောင်လူငယ်တွေကို ဘယ်လိုပျိုးထောင်မလဲ ဘယ်လိုပညာတော်သင်တွေလွှတ်မလဲ တိုင်းနဲ့ပြည်နယ် တွေကို မျှမျှတတဖြစ်အောင် ဗမာချည်းပဲ အခွင့်အရေးတွေ အများကြီးယူနေကြပြီးတော့ ကချင်တွေ ၊ ချင်းတွေချန်ခဲ့တာမျိုးချည်းဘဲ မဖြစ်ရအောင် ဘယ်လိုမျှမျှတတနဲ့ လုပ်ကြမယ်အဲ့ဒီဟာတွေသာလျှင်အန်ကယ်မြင်တာတော့ ဒီကာလတွေမှာ အလေးပေးပြီးတော့ ဒါတွေလုပ်သင့်ပါတယ်။ '' ဟု ၄င်းက ဆိုသည်။

နိုင်ငံတကာမှလည်း မြန်မာနိုင်ငံကို ချီးမွမ်းခန်းဖွင့်ချိန်ဖြစ်သောကြောင့် လွှတ်တော်အတွင်းတွင် အချင်းများ အငြင်းပွားမနေဘဲ လွှတ်တော်ကိုယ်စားလှယ်များ ၊ အစိုးရအဖွဲ့များ ၊ တာဝန် အရှိဆုံးပုဂ္ဂိုလ်များနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး ခုံရုံးကိစ္စကို ဖြေရှင်းသင့်သလို နိုင်ငံနှင့်ပြည်သူအကျိုးပြုလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုပြောဆိုခဲ့သည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup

လပြည့်ည(သို့မဟုတ်)Blue Moon shines around the world.


ဒီနေ့လပြည့်ညလေးပေါ့။
တိုက်တိုက်ဆိုင်ဆိုင်ပဲ့။
 A boy rides his bicycle over a stretch of sand on the outskirts of the eastern Indian city of Bhubaneswar as the "blue moon" shines above in Aug. 31.
မနေ့ကဖိလစ်ပိုင်ပင်လယ်ပြင်မှာပြင်းအားရစ်ချစ်စကေး(7.9)ငလျှင်ကြီးတခုလည်းလှုပ်သွားခဲ့ပါသေးတယ်။
ငလျှင်လှုပ်တဲ့အချိန်ကလည်းညအချိန်ကြီးဆိုတော့တကယ်ကိုကြောက်စရာကြီးပါပဲ့
A full moon shines over Amman, the capital of Jordan, on Aug. 31.

လပြည့်ညတွေမှာလရဲ့ဆွဲအားဟာကမာကြီးကိုတိုက်ရိုက်သက်ရောက်မှုတွေရှိနေတာကတော့အမှန်ပဲ့။
ကမာကြီးနဲ့လနဲ့နီးကပ်လေလေ၊ဖြစ်ပျက်မှုတွေပိုများလေလေပါပဲ့။
A full moon is seen behind tree branches in the Macedonian city of Skopje on Aug. 31. According to NASA, this is the second time in August that a full moon has been seen. The first was on the night of Aug. 1-2. This phenomenon is referred to as a "blue moon."

လရဲ့ဆွဲအားကြောင်ပင်လယ်ရေပြင်ကြီးဟာမို့မောက်ကြွတက်လာရတာလပြည့်ညမှာအဆိုးဆုံးပေါ့
ဒါကြောင့်လည်းလပြည့်ညတွေမှာထူးကဲဒီရေတက်လာတာတို့ရေကြီးတာတို့ဟာအများဆုံးဖြစ်တတ်ကြတာပါ
Vesa Vauhkonen created this multiple-exposure photographic view of the moon rising over Rautalampi, Finland, on Aug. 30.

လဟာကျွန်တော်တို့နေထိုင်တဲ့ကမာကြီးကိုသာမဟုတ်ပါဘူး
လူသားမျိုးနွယ်တွေရဲ့ အမတွေကိုလည်းသက်ရောက်နေတာကိုတွေ့ရတတ်ပါတယ်
လပြည့်ညမှာမိန်းကလေးတွေဟာစိတ်လှုပ်ရှားတတ်တာများတာတို့
လိင်စိတ်ထကြွတာများတာတို့ဖြစ်တတ်တယ်လို့အချို့သောဆေးပညာရှင်တွေကဆိုထားပါသေးတယ်
The clouds over Kobe, Japan, take on a fittingly blue hue in this picture taken by Daisuke Tomiyasu on Aug. 31.

လမင်းကြီးရဲ့အလင်းရောင်ဟာ အမဓါတ်တွေထွက်တယ်လို့လည်းပြောကြပါသေးတယ်။
ရှေးအီဂျစ်ခေတ်ကနာမည်ကျော်ကြားခဲ့တဲ့...ကလီယိုပက်ထရာမင်းသမီးဟာ.လပြည့်ညတိုင်းအ၀တ်အစား
တွေကိုချွတ်ပြီးတော့လရောင်လှုံလေ့ရှိတယ်လို့ဆိုပါတယ်။
Greeks and tourists gather at the Roman Agora in Athens, which is open all night as part of a full-moon celebration on Aug. 31. A number of archaeological sites and museums around Greece opened at night, with events and concerts celebrating the second full moon of August, known as a "blue moon."

လရောင်ဟာ အမျိုသမီးတွေရဲ့ကိုယ်ပေါ်ကိုတိုက်ရိုက်ကျရောက်မှုရှိရင်
တဖက်သားလိင်တွေကို ဆွဲငင်အားပိုကောင်းတယ်လို့ပြောကြပါတယ်။
ဒါကြောင့်အမျိုးသမီးတွေဟာ လရောင်လှုံသင့်ပါတယ်လို့ယူဆရပါတယ်။
A picture taken on Aug. 31 shows the full moon above the ancient Acropolis hill in Athens.

ဘာပဲ့ပြောပြောလမင်းကြီးဟာ...ကျွန်တော်တို့ကို...သက်ရောက်မှုအားတခုရှိနေတာကတော့အမှန်ပဲ့
အခုကျွန်တော်ပို့စ်ရေးနေတဲ့အချိန်မှာတော့.မိုးတွေရွာနေလို့ ကျွန်တော်နေရာကနေဘယ်လိုမှဒီညမမြင်
နိုင်တော့ပါဘူး။
Inge Harsten, who lives in Fredrikstad, Norway, used a filter to add an appropriate color to this picture of the "blue moon."
The full moon rises over the sea at Konnos beach near Ayia Napa and Protaras resort in the southeast of the island of Cyprus on Aug. 31.

ဒီလိုလပြည့်ညမျိုး (2015)ခုနှစ် သြဂုတ်လမှာတခါနောက်ထပ်မြင်တွေ့ခွင့်ကြုံရမယ်လို့ရေးသားထားတာကိုလည်း
မှတ်သားလိုက်ရပါတယ်။
ကချင်ပြည်နယ်ငြိမ်းချမ်းရေးကိုတစိမ့်စိမ့်တွေးကြည့်ရင်တော့လည်း
ဘယ်တော့မှငြိမ်းချမ်းမဲ့အရိပ်အရောင်မတွေ့သေးပါဘူး..
ကချင်ဆိုတဲ့ခေါင်းဆောင်ကလည်း...သူတို့လူမ်ျိုးတွေဘယ်လိုပဲ့သေကြေသေကြေ
ဘယ်လိုပဲ့.....အိုးမဲ့အိမ်မဲ့ဖြစ်ဖြစ်...ငါနဲ့မဆိုင်ဘူး...
ဘယ်သူသေသေငတေမာလျှင်ပြီးရော့ဆိုတဲ့စကားလေးအတိုင်းပဲ့အင်းဒီကာတွန်းလေးနဲ့ကတော့လိုက်ဖက်
လှပါတယ်

KIA အား လေကြောင်းဖြင့် တိုက်ခိုက်ရန် အစိုးရ ရှေ့တန်း တပ်များက တောင်းဆိုလာ


Myanmar Air Force to buy 50 Russian attack helicopters -24 m (Figure)

ထိုးစစ်အတွက် ရှေ့မတိုးသာဖြစ်နေသော
 အစိုးရ တပ်ဖွဲ့များသည် စစ်ဆင်ရေး
အခြေအနေကို ပြောင်းလဲပစ်ရန်
လေကြောင်း စစ်ဆင်မှုကိုပါ အသုံးပြု
လာဖွယ် ရှိသည်ဟု ကချင်ပြည်


လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဌာနချုပ်မှ တပ်မှူး တဦးက ရွှေဟင်္သာသတင်း
ဌာနကို ပြောကြား ခဲ့ပါသည်။

“ KIA ကလည်း တန်ပြန်နေတယ်လေ။ သူတို့ကတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။

 ဒါကိုကျော်လွှားဖို့ ထင်ပါတယ်။  အရေးကြီးတဲ့ ပွိုင့် တွေကိုလေကြောင်းနဲ့ ဗုံးကျဲ ဖို့လိုအပ်တယ်ဆိုပြီး၊ အချင်းချင်း ဆက်သွယ်ရေးစက်နဲ့ အကူအညီတောင်းနေ တယ်။

နေပြည်တော်ကတော့ ဘာအမိန့်ချမလဲတော့ မသိဘူး။ လောလောတော့ငြိမ်နေတယ်။
စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ အဲဒီအတွက် အစကတည်းကပြင်ထားပြီးသားပါ
”ဟုဆိုပါသည်။

အထူးသဖြင့် လိုင်ဇာ စစ်မျာက်နှာရှိ KIA တပ်များနေရာယူထားသော တောင်ကုန်းပွိုင့်များကို ဗုံးကြဲဖွယ်ရှိသည်ဟု KIA ဖက် မှခန့်မှန်းထားပါသည်။

သို့သော် KIA ၏ အစိုးရရှေ့တန်း စစ်တပ်အတွက် ထောက်ပံ့ရေး ရိက္ခာလမ်းကြောင်းများကို ဖြတ် တောက်သည့် တိုက်ပွဲများကြောင့် ရှေ့တန်း တပ်ဖွဲ့များတွင် ရိက္ခာပြသနာဖြစ်ဖွယ်ရှိနေပါသည်။

ဤပြသနာကို အစိုးရဖက်က လေကြောင်းနည်းဖြင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ချပေးနိုင်ဖွယ်ရှိနေပါသည်။

KIA_922qqw
KIA ၏ခံကတုတ်များ (ဓါတ်ပုံ KIA)

KIA သည် ၄င်းတို့၏ တန်ပြန်ထိုးစစ်ကို၊ စခန်းသိမ်းချေမှုန်းရေး တိုက်ပွဲများ အပါဝင် ပျောက်ကျားစနစ်နှင့်၊ မိုင်းစစ်ဆင်ရေး နည်းလမ်းများကို အသုံးပြုပြီး အစိုးရ တပ်ဖွဲ့များအား ပြန်လည် တိုက်ခိုက်နေသည်ဟု ဆိုပါသည်။

 အထူးသဖြင့် လိုင်ဇာစစ် မျက်နှာ၊၀ိုင်းမော်နှင့် တပ်မဟာ (၅) ဧရိယာ၊ တပ်မဟာ (၃)နှင့် တပ်မဟာ (၄) ဧရိယာ နှင့် ဖါးကန့်နယ်ရှိ KIA တပ်ရင်း (၃) ဧရိယာ၌ နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေပါသည်။

အစိုးရ တပ်ဖွဲများသည်လည်း KIA တပ်ဖွဲ့များ၏ တန်ပြန်မှုကို တန်ပြန်စစ်ဆင်ရေးဖြင့် တုန့်ပြန်နေသည်ဟုဆိုပါသည်။

ဤ ကဲ့သို့ ပြင်းထန်လာနေသော စစ်ရေးအခြေအနေကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ တိုးလာနေပြီး ယခုဆိုလျှင် ဒုက္ခသည်များ တသိန်းဝန်းကျင်ခန့် ရှိလာနေ ပြီးဟု ဒုက္ခသည်ကော် မီတီ များက ခန့်မှန်းနေပါသည်။

အထူးသဖြင့် ဖါးကန့်ဒေသ၌ ကျေးရွာ (၁၁) ရွာမှ လူထုများ ပြောင်းရွှေ့ပေးရန် အစိုးရ တပ်ဖွဲ့များက ထပ်မံ အမိန့်ပေးထားသည်ဟု ဒေသခံများကဆိုပါ သည်။

ဤကဲ့သို့ KIA နှင့်အစိုးရတို့၏ ရှေ့မတိုးသာ ဖြစ်နေသော ပြသနာကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးရန် အမေရိကန်နိုင်ငံက တ ရုတ်နိုင်ငံအား တောင်းဆိုထားကြောင်း အမေရိကန် အစိုးရ ထုတ်ပြန်ချက်တခု၌ တွေ့ရပါသည်။

ထို့အပြင် ကချင်စစ်ပြေး ဒုက္ခသည်များကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက အကူအညီပေး
နိုင်ရန် တရုတ်နယ်မြေကို အသုံးပြု ခွင့်ပေးရန် လည်းတောင်းဆိုထားပါသည်။

ဤစစ်ပွဲသည်၊ တိုင်းရင်းသားများအပေါ် အစိုးရသဘောထား၏ နောက်ဆက်တွဲပြသနာဟု KIA ကခံယူသလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အကူအညီပေးနေသော နော်ဝေးနိုင်ငံမှ Myanmar Peace Support Initiative (MPSI) ကလည်း မြန်မာ့ငြိမ်းချမ်းရေးသည် အစိုးရမှ KIA အပေါ် ထားရှိသောသဘောထား၌ မူတည်သည်ဟု မှတ်ချက်ပြုခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/1942--kia-mpsi-.html
Naing_par_aung_112
KIA ဗိုလ်ချုပ်ပန်းအောင်                      


ရွေဟဿင်္ာ

 

"ပြည်သူ့အသံ နားထောင်မယ့် ပြန်ကြားရေး ၀န်ကြီးသစ် "

ပြန်ကြားရေး ၀န်ကြီးသစ်ဖြစ်လာတဲ့
 ဦးအောင်ကြည်ဟာ စာရေးကောင်းသူ
 တဦးလည်း ဖြစ်ပါတယ်။ ထူးခြား 
တာက မြန်မာအစိုးရ ၀န်ကြီးတွေထဲမှာ


 ကိုယ်ပိုင်အင်တာနက် ၀က်ဆိုက်စာမျက်နှာ ရှိတာ ကြားဖူးသလောက် သူတယောက်ထဲ 
ရှိတယ် ထင်ပါတယ်။

သူ့ရဲ့ ကလောင်အမည်ကတော့ မင်းဗထူး ဖြစ်ပါတယ်။ သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ သူရေးခဲ့ဖူး တဲ့ ဆောင်းပါးတွေ၊ စစ်ပညာ၊ နည်းပညာ စတဲ့ စာအုပ်တွေအကြောင်းစုံကို တင်ပြထားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး အသစ်စက်စက် ဦးရဲထွဋ်ကတော့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်ကို အကြံပြု လိုသူတွေဟာ သူ့ အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာလည်း ပေးပို့ နိုင်တယ်လို့ အကြံပြုထားတာ တွေ့ရ ပါတယ်။

"၀န်ကြီးထံသို့အကြံဥာဏ်များ တိုင်ကြားချက်များပေးပို့လိုပါက ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် www.ministryofinformation.gov.mm မှာ ဖော်ပြထားတဲ့မေးလ်လိပ်စာကနေ ပေးပို့နိုင်ပါ တယ်။




 ရေးသား ချက်များကို နေ့စဉ် ကျွန်တော်က ဖတ်ရှုပြီး ၀န်ကြီးထံတင်ပြခြင်း၊ ပေးပို့သူထံသို့ အကျိုးအကြောင်း
ပြန်ကြားခြင်းများကို လုပ်ဆောင် ပေးသွားပါ့မယ်။" တဲ့။
အရင့် အရင် အစိုးရ ၀န်မင်းများကတော့ တပါးသူပေးတဲ့ အကြံဥာဏ်ကို လေးစားစွာ နာယူလေ့မရှိခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်နဲ့ အခု နောက်ထပ် ၀န်မင်း တပါးကလည်း အခုလို တပါးသူရဲ့ အကြံပြုချက် ကို လေးစား စွာ နာယူတာဟာ မင်္ဂလာ တပါးပါ။

ဒါကြောင့် အကြံပြုလိုသူတွေအနေနဲ့ ပြန်ကြားရေး ၀န်ကြီးသစ်ရဲ့ ဒီနေရာ က အင်တာနက် ၀က်ဆိုက်စာမျက်နှာ ကို သွားပြီး အကြံပြု နိုင်ပါတယ်။
 
အသစ်စက်စက်ပြန်ကြားရေးဝန်ကြီးဆိုက်မှာတိုင်တာတောတာအကြံပြုချင်တာတွေလုပ်ချင်သူတွေအတွက်
မှာသွားပြီးတော့အကြံပြုနိုင်ပါတယ်...။

လွှတ်တော်အား ပြည်သူများ ဆန္ဒပြမည်

 

 လွှတ်တော်၏ ခုံရုံးအပေါ် စွတ်စွဲပြစ်တင်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး အချိန်ကုန်နေခြင်း အပေါ် လွှတ်တော်အား ဆန္ဒပြရန်အတွက် ပြည်သူများ ပြင်ဆင်လျက်ရှိပြီး၊ အဆိုပါ ဆန္ဒခြင်းအတွက် သက်ဆိုင်ရာမှ ဆန္ဒပြခွင့်လျှောက်လွှာအား မနေ့ ညနေပိုင်းတွင် ထုတ်ယူသွားပြီဖြစ်ကြောင်း သိရှိရသည်။

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template